ကုမ္ပဏီ၏အကြောင်း

ကုမ္ပဏီ၏အကြောင်း

ကုမ္ပဏီ၏အကြောင်း

Clean Power Energy Co., Ltd သည် မြန်မာနိုင်ငံအတွင်း လိုအပ်လျက်ရှိနေသော လျှပ်စစ်ဓာတ်အားများ ဖြည့်တင်းရရှိရေးကို ရည်မှန်းကာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရေးကဏ္ဍများတွင် အလေးပေးလုပ်ဆောင်လျှက်ရှိသော လျှပ်စစ်စွမ်းအင်ကုမ္ပဏီဖြစ်ပါသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သပြေဝ ကျေးရွာအုပ်စုအနီးရှိ သပြေဝ ဓါတ်အားရုံသို့ ဓါတ်အား ပံ့ပိုးပေးလျှက်ရှိသော မဂ္ဂါဝပ် ၃၀ သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို လည်ပတ်လျှက် ရှိပါသည်။

CPEသည် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကို ထိခိုက်မှုမရှိစေသော လေစွမ်းအင်၊ နေစွမ်းအင်နှင့် ရေအားလျှပ်စစ်ကဲ့သို့ သဘာ၀ပြည်လည်ပြည့်ဖြိုးမြဲ အရင်းအမြစ်များကိုအသုံးချ၍ လျှပ်စစ်ဓာတ်အားများ ဖြည့်တင်းရရှိရေးကို ကြိုးပမ်းလျက်ရှိသည်။