လူမှုအကျိုးပြုဆောင်ရွက်မှုများ

လူမှုအကျိုးပြုဆောင်ရွက်မှုများ
လူမှုအသိုက်အဝန်းအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း
လူမှုအကျိုးပြု တာဝန်ဝတ္တရားများကို အလေးထားသည့် လုပ်ငန်းတစ်ခုအနေဖြင့် CPE သည် ဒေသတွင်း လူမှုအသိုက်အဝန်းအတွက် ၎င်း၏ရေရှည်တည်တံ့သော ပံ့ပိုးကူညီမှုကို စဉ်ဆက်မပြတ် လုပ်ဆောင်ပေးလျက်ရှိသည်။ CPEသည် နိုင်ငံတကာနည်းပညာများကို အသုံးချပြီး ပြည်တွင်းမှ အရည်အချင်းပြည့်ဝသော ကျွမ်းကျင်ပညာရှင်များဖြင့် စီမံကိန်းကိုဆောက်ရွက်ခဲ့ခြင်းအားဖြင့် ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းများကိုပေါ်ထွန်းစေခဲ့ပါသည်။ တိုက်ရိုက်အားဖြင့်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းအားဖြင့် ဖြစ်စေ စီမံကိန်းအားဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ၊ လက်ငင်းအကျိုးခံစားခွင့်များကို ဖန်တီးပေးထားနိုင်ခဲ့ပါသည်။ စီမံကိန်းတဝိုက်ရှိ ရပ်ရွာလူထုများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ရပ်ရွာလူထုများအား အလုပ်အကိုင်များရရှိစေခဲ့ခြင်းဖြင့် ရပ်ရွာပြည်သူအများ၏ လိုအပ်ချက်များကိုဖြည့်တင်းပေးနိုင်ခဲ့ပါသည်။
လူမှုရေးရာအကျိုးပြုလုပ်ငန်းများ
CPEသည် ပတ်ဝန်းကျင်အသိုင်းအဝိုင်းများ၏ လူမှုရေးနှင့် စီးပွားရေး အသက်မွေးဝမ်းကျောင်းမှုအပေါ် မည်ကဲ့သို့သော ကောင်းမွန်သည့် အကျိုးသက်ရောက်မှုနည်းလမ်းများကို ဖော်ထုတ်နိုင်ခဲ့သည်။ ရပ်ရွာလူထုအတွက် နေ့စဉ်ကူးသန်းသွားလာရေးဆိုင်ရာ ရွာချင်းဆက် လမ်းပန်းဆက်သွယ်ရေးနှင့် ပညာရေးဆိုင်ရာများကို အဆင့်မြှင့်တင်ခြင်းအပေါ် ဦးစားပေး ဆောင်ရွက်ပံ့ပိုးပေးခြင်းဖြင့် လူနေမှုဘဝ အရည်အသွေးကို မြှင့်တင်နိုင်ခဲ့သည်။