CPE Myanmar

လက်ရှိဆောင်ရွက်နေသောပရော့ဂျက်များ၃၀မီဂါဝပ် သပြေဝဆိုလာစွမ်းအင်ထုတ်လုပ်ရေး

၃၀မီဂါဝပ် သပြေဝဆိုလာစွမ်းအင်ထုတ်လုပ်ရေး

Clean Power Energy ၏ ပထမဦးဆုံးစီမံကိန်းဖြစ်သော ၃၀မီဂါဝပ် သပြေဝနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းကြီးသည် မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်-သာစည်မြို့နယ် သပြေဝကျေးရွာအနီးတွင် တည်ရှိကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင်အောင်မြင်ပြီးစီးခဲ့ပြီး လုပ်ငန်းများလည်ပတ်ခြင်းကို စတင်မိတ်ဆက်ခဲ့ပါသည်။

၃၀ မဂ္ဂါဝပ်သပြေဝ ဆိုလာဓာတ်အားထုတ်လုပ်ရေးစက်ရုံ စီမံကိန်းကို Clean Power Energy (CPE) Co., Ltd မှ Build Operate Own စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းမှတဆင့် မြန်မာနိုင်ငံအတွင်း တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ (၂ သိန်း) ကျော်ခန့်ဖြင့် တစ်နှစ်လျှင် ကီလိုဝပ်နာရီ ၇၀ ဒသမ ၅၉၉ သန်း ထုတ်လုပ်ပေးမည့် ဒုတိယမြောက် နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်းဖြစ်ပြီး ဓါတ်အားပို့လွှတ်ရုံမှ ၃.၉၁ မိုင်အရှည်ရှိ 33KVဓာတ်အားလိုင်းမှတဆင့် သပြေဝဓာတ်အားခွဲရုံသို့ သွယ်တန်းချိတ်ဆက်ကာ ဓာတ်အားများပို့လွှတ် ပေးနေသည်။